စိတ်ဝင်စားဖွယ် လက်ဝတ်ရတနာတွေရဲ့သမိုင်း

ဒီအပတ်မှာတော့ 𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐒𝐭𝐚𝐫 ပရိသတ်ကြီး ဖတ်ရှုဖို့အတွက် လက်ဝတ်ရတနာတွေရဲ့ သမိုင်းကြောင်းကို မျှဝေပေးချင်ပါတယ်။🙋🏻‍♀️✨

လက်ဝတ်ရတနာတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း 𝟐𝟓,𝟎𝟎𝟎 ခန့်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး 𝐍𝐞𝐚𝐧𝐝𝐞𝐫𝐭𝐡𝐚𝐥 ခေါ် ဥရောပမှ နေထိုင်တဲ့ ကျောက်ခေတ်လူမျိုးတွေက စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။✅

ဥရောပမှာ နေထိုင်တဲ့ ရှေးဦးလူသားတွေဟာ အရိုးတွေ သွားတွေကို ကြိုးနဲ့ သီပြီး လက်ဝတ်တန်ဆာအနေနဲ့ ဝတ်ဆင်ခဲ့ကြတဲ့အပြင်ငါးအရိုးနဲ့လုပ်ထားတဲ့ ရိုးရှင်းတဲ့လည်ဆွဲကိုတော့ မိုနာကိုမှာရှိတဲ့ လှိုဏ်ဂူတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ✨

ဒါတင်မကသေးပါဘူး။ခရုခွံမှာ အပေါက်ဖောက်ထားတဲ့လက်ဝတ်ရတနာတွေကို စပိန်အနီးရှိ 𝐂𝐮𝐞𝐯𝐚 𝐝𝐞 𝐥𝐨𝐬 𝐀𝐯𝐢𝐨𝐧𝐞𝐬 ဂူထဲမှာ တွေ့ရှိခဲ့ကြပါတယ်။

ကန်ညာနိုင်ငံမှာတော့ ငှက်ကုလားအုတ်ရဲ့ ဥတွေပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေကို တွေ့ရှိခဲ့ရပြီး ရရှားနိုင်ငံမှာဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀၀-၄၀၀၀၀ ခန့်က အသုံးပြုခဲ့တဲ့ ကျောက်မျက်ရတနာတွေကို တွေ့ရှိခဲ့ကြပါတယ်။

ရှေးဦး လူသားတွေဟာ လက်ဝတ်ရတနာတွေကို သေချာ စူးစမ်း ရှာဖွေခဲ့တဲ့အပြင် တိရစ္ဆာန်တွေရဲ့သွားတွေ ခြေသည်းတွေ ဦးချိုနဲ့ အရိုးတွေကိုပါ လက်ဝတ်တန်ဆာ အနေနဲ့ ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို လက်ဝတ်တန်ဆာတွေကို ဝတ်ဆင်ခြင်းဖြင့် ကံဆိုးမှုတွေ မကောင်းမှု အန္တရာယ်တွေမှ ကင်းဝေးပြီး ဖျားနာခြင်းမှလည်း ကာကွယ်ပေးတယ်လို့ ယူဆထားကြပါတယ်။

ယနေ့ခေတ်မှာလည်းပဲ ကျောက်မျက်ရတနာတွေဟာ ဝတ်ဆင်သူတိုင်းကို ကျန်းမာ ချမ်းသာ လိုရာပြည့်စေတဲ့အပြင် မှော်ဆန်တဲ့ အလှတရားကိုပါ ပေးစွမ်းတာမို့ လက်ဝတ်ရတနာတွေ တူးဖော်ရရှိတဲ့ သမိုင်းကို ဖော်ပြပေးခဲ့ခြင်း ဖြစ်ပါတယ်။

#𝐏𝐞𝐚𝐫𝐥𝐍𝐞𝐜𝐤𝐥𝐚𝐜𝐞

#𝐄𝐦𝐞𝐫𝐚𝐥𝐝𝐒𝐭𝐚𝐫

#𝐏𝐞𝐚𝐫𝐥&𝐉𝐞𝐰𝐞𝐥𝐫𝐲

#𝐏𝐞𝐚𝐫𝐥𝐄𝐚𝐫𝐫𝐢𝐧𝐠𝐬

#𝐩𝐞𝐚𝐫𝐥𝐫𝐢𝐧𝐠

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်