ကျော်ကြားထင်ရှားသမိုင်းထဲကပုလဲရတနာများ ( ၅ )

Susa’s Pearl Necklace 

💁‍♀️ဒီပုလဲလည်ဆွဲကတော့ ကမ္ဘာ့ရှေးအကျဆုံးပုလဲလည်ဆွဲဆိုပြီးသတ်မှတ်ချင်းခံရတဲ့ရတနာပစ္စည်းတစ်ခုဖြစ်ပါတယ်။ လည်ဆွဲကိုပြုလုပ်ခဲ့တဲ့အချိန်ကတော့ ခရစ်တော်မမွေးဖွားမီအချိန်ထဲကဖြစ်မယ်လို့သုတေသီတွေကဆိုခဲ့ကြတာပါ။ 

ပုလဲကိုဘယ်အချိန်ကစပြီးလက်ဝတ်တန်ဆာအဖြစ်သုံးစွဲခဲ့ကြတယ်ဆိုတဲ့အထောက်အထားကတော့မရှိပေမဲ့သေချာတာတစ်ခုကတော့ ဒီပုလဲလည်ဆွဲဟာခရစ်တော်မမွေးဖွားခင်ရာစုနှစ်နှစ်ခုလောက်ထဲကပြုလုပ်ခဲ့တဲ့လည်ဆွဲတစ်ခုပါ။ လည်ဆွဲမှာတစ်တန်းကိုပုလဲပေါင်း ၇၂ လုံးပါဝင်ပြီးအတန်းသုံးခုနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ 

ပုလဲဆွဲကြိုးကိုရှာတွေ့ခဲ့တာကတော့ Persian မင်းသမီးတစ်ပါးရဲ့အုတ်ဂူထဲကဖြစ်ပြီး အဆိုပါမင်းသမီးကဘယ်သူလဲဆိုတာကိုတော့အခုထိမသိရသေးပါဘူး။ သက်တော်ရှည်လည်ဆွဲလေးက သက်တမ်းအနေနဲ့ပြန်တွက်ရင်လက်ရှိမှာ နှစ်ပေါင်း ၂၄၀၀ ကျော်သက်တမ်းတော့ရှိနေပြီဖြစ်ပါတယ်။ 

တကယ်ပဲ ဒီလည်ဆွဲရဲ့နောက်ကွယ်ကပုံပြင်ကဘာများလဲ။ အားလုံးလည်းဒါကိုသိချင်နေကြတာပါပဲ 🤔

#မြန်မာ့ပုလဲ 

#ပုလဲရတနာ

#𝐏𝐞𝐚𝐫𝐥𝐍𝐞𝐜𝐤𝐥𝐚𝐜𝐞

#𝐄𝐦𝐞𝐫𝐚𝐥𝐝𝐒𝐭𝐚𝐫

#𝐏𝐞𝐚𝐫𝐥&𝐉𝐞𝐰𝐞𝐥𝐫𝐲

#𝐏𝐞𝐚𝐫𝐥𝐄𝐚𝐫𝐫𝐢𝐧𝐠𝐬

#𝐩𝐞𝐚𝐫𝐥𝐫𝐢𝐧𝐠

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်