ပုလဲရတနာတွေကိုသန့်ရှင်းရေးလုပ်နည်း

ပုလဲလေးတွေကိုချစ်လို့၊ မြတ်နိုးလို့ ဝယ်ကြဝတ်ကြတာတော့ဟုတ်ပါပြီ🤔

ဘယ်လိုသန့်ရှင်းရေးလုပ်လို့ရလဲဆိုတာကိုရော

သိပြီးပြီလား။ 

ပုလဲလုံလေးတွေကနူးညံ့တဲ့ရတနာတစ်ပါးဖြစ်

တာမို့ ပုံမှန်လက်ဝတ်ရတနာသန့်ရှင်းဖို့အတွက်

ထုတ်လုပ်ထားတဲ့ Cleanser တွေနဲ့သန့်ရှင်းရေး

လုပ်လို့မရပါဘူး။ 

ပုလဲအတွက်သီးသန့်ထုတ်ထားတဲ့ Cleanser

တွေတော့သုံးလို့ရပါတယ် ။ 

ဒါကြောင့် သန့်ရှင်းရေးလုပ်လို့ရတဲ့နည်းလမ်း

လေးတွေကိုအခုလိုပဲဝေမျှပေးပါရစေ။

🤍ဝတ်ဆင်ပြီးပြီးချင်းသိမ်းဆည်းတာမျိုးရှောင်

ကြဉ်ပါ

ပုလဲလက်ဝတ်လက်စားလေးတွေကိုဝတ်ဆင်ပြီး

သိမ်းဆည်းတော့မယ်ဆိုတာနဲ့ဘူးထဲထည့်မသိမ်း

ခင်မှာ အဝတ်နုနုလေးနဲ့ခပ်ဖွဖွပွတ်သုတ်ပြီးမှသာ

သိမ်းဆည်းသင့်ပါတယ်။ 

🤍သန့်ရှင်းလေးလုပ်ဖို့ဆပ်ပြာအပျော့ကိုသုံးပါ 

ရေနွေးနွေးလေး ( မပူမအေးသောရေ ) ထဲကို 

ပန်းကန်ဆေးဆပ်ပြာအဆီနည်းနည်းထည့်ပြီး

မွှေပါ။ 

ဆပ်ပြာရည်လေးရလာပြီဆို အဝတ်တစ်ခုကို

ယူပြီးဆပ်ပြာရည်ထဲနှစ်ပါ။ ပြီးရင် အဝတ်ကို

ညှစ်ပစ်ပြီး စိုနေသေးတဲ့အဝတ်လေးနဲ့ပုလဲလေး

ကိုဖွဖွပွတ်သုတ်ပါ။ ပြီးရင်တော့ ပုလဲလေးကို

ရေအေးနဲ့ပြန်ဆေးပြီးအဝတ်နုနုလေးနဲ့အခြောက်

ပြန်သုတ်ပါ။

ပြီးရင်နည်းနည်းအခြောက်ခံလိုက်

ရင်တော့ သန့်ရှင်းပြီးတောက်ပတဲ့ပုလဲရတနာ

လေးကိုပြန်ရပြီပေါ့။ 🥰

Emerald Star မှာ မြန်မာ့ပုလဲအမျိုးမျိုးကိုသင့်တင့်

တဲ့ဈေးနှုန်းနဲ့ ပုလဲချစ်သူတွေဆီရောင်းချပေးလျက်

ရှိပါတယ်။ 

No – (9) ၊ ဗဟိုရုံ

ဗိုလ်ချုပ်စျေး

ရန်ကုန်မြို့

095160797

09421754967

Instagram Channel – https://www.instagram.com/emeraldstar.mm/

Tiktok Channel – https://www.tiktok.com/@emeraldstar.mm

Viber Channel – https://t.ly/UWcLu

Telegram Channel – https://t.me/emeraldstargems

Mobile Banking, Kpay,Waveစသည့်ငွေပေးချေ

မှုတွေနဲ့လည်းဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ..

မြန်မာတနိင်ငံလုံးရှိ မြို့ ပေါင်း (160) ကျော်ကို 

ပစ္စည်းရောက်ငွေချေစနစ် ပို့ဆောင်ခအခမဲ့  ဖြင့် 

ပို့ဆောင်ပေးပါသည်။

“ရတနာပစ္စည်း အရည်အသွေး၊စစ်မှန်မှုနှင့်ဝယ်ယူသူ

လက်ထဲပစ္စည်းရောက်သည်အထိ ကျွန်တော်တို့ 

Emerald Starဘက်မှအပြည့်အဝတာဝန်ယူ ပေး

ပါသည် “

“Smart People Choose Pearl Jewelry”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်