မဲလိုပုလဲ (Melo Pearl)

ကမ္ဘာပေါ်မှာ အဖိုးတန် ပုလဲ(၉)မျိုးလောက် ရှိပါတယ်။

ဘယ်လို ပုလဲအမျိုးအစားတွေလဲဆိုတော့…👇

(1)Freshwater Pearl

(2)South Sea Pearl

(3)Akoya Pearl

(4)Tahitian Black Pearl

(5)Mabe Pearl

(6)Keshi pearl

(7)Conch Pearl

(8)Abalone Pearl

(9)Melo Pearl….များ ဖြစ်ကြပါတယ်။

ဒီနေ့ လူပြောများနေတဲ့ အုန်းပုလဲဆိုတာက မဲလိုပုလဲ

(Melo Pearl)သာ ဖြစ်ပါတယ်။

မဲလိုပုလဲများသည်သဘာဝပုလဲများဖြစ်ပြီး မုတ်ကောင်

မှရသောပုလဲများမဟုတ်ပါ။ 

မဲလိုပုလဲမှာ ရှားပါးသည်ဖြစ်ရာ လက်ဝတ်ရတနာဆိုင်

တိုင်းတွင်မေး၍မရ နိင်ပါ။

မီလိုပုလဲဆိုတာ အလွန်ကြီးမားတဲ့  မီလိုခရုကောင်

 (Melo Melo Snails )များမှ ထုတ်ယူရရှိပါတယ်။

ဒီခရုဟာ ပင်လယ်ခရု( Sea Snail )ဖြစ်ပြီး သူဟာ 

ဂက်စ်ထရိုပိုဒါ(Gastropoda)အတန်းအစားထဲက

ပါ။မီလိုခရုဟာ(Volutidae)မိသားစုဝင် ခရုမျိုးပါ။

ထိုပုလဲများ၏ မျက်နှာပြင်၌ မီးတောက်ပုံအညှိ 

အကွက်များပါရှိပြီးရှားပါးသောပုလဲဖြစ်သောကြောင့် 

စျေးကွက်၌တွေ့ ရဖို့မလွယ်ကူပါ။

မီလိုပုလဲမှာ ကာလာ(၅)မျိုးရှိတယ်။

(၁)အဝါရောင်(Yellow)

(၂)လိမ္မော်ရောင်(Orange)

(၃)အနီရောင်ဖျော့ဖျော့(Reddish)

(၄)ကြေးနီရောင်(Tan)

(၅)အညိုရောင်(Brown)

ဈေးကောင်းရတဲ့အမျိုးအစားကတော့ လိမ္မော်ရောင်

မျိုးအစားဖြစ်ပြီး အလေးချိန်(weighing 224.30

 carats of orange hue, 31.66 x 30.76mm)ရှိရင်

ဖြင့် ရောင်းဈေး USD 722,500.USD 180,000 – 

USD 250,000.အထိ့ ဈေးကောင်းရပါတယ်။

ဒီခရုကို အရှေ့တောင် အာရှ ပင်လယ်ကန်းရိုးတန်းနှင့်

မြန်မာ၊ထိုင်း၊အိန္ဒိယ၊ဗီယက်နန် နှင့် မလေးရှားနိုင်ငံ 

ရေပိုင်နက်တွေမှာ အများဆုံးတွေ့မြင်နိုင်ပါသည်။

အပတ်စဉ်ရတနာဗဟုသုတ များကိုဖော်ပြပေးနေ

တာမို့ See First လုပ်ထားဖို့ မမေ့နဲ့နော်…..။

Emerald Star

(Pearl & Jewelry)

အမှတ် (9) ဗဟိုရုံ

ဗိုလ်ချုပ်အောင်ဆန်းစျေး

ပန်ဘဲတန်းမြို့နယ်

ရန်ကုန်

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်